ဆီဆိုင်မြို့တွင် ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဆီဆိုင် ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မန္တလေးငလျင်ကြီးတစ်နှစ်ပြည့် ငလျင်ဘေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မဈေး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က ငလျင်ဘေးဖြစ်ပေါ်ခဲ့မှုနှင့် ငလျင်အကြောင်းများ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်တွင် ပြုလုပ်ရမည့်အချက်များတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဈေးဝယ်သူပြည်သူများအား ငလျင်ဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)