ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူခြင်း အောင်ပွဲအထိမ်းအမှတ်ပွဲတော်များ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူခြင်းအောင်ပွဲ အထိမ်းအမှတ်ပွဲတော်များကို ဧပြီလ ၁ရက်နေ့က ကျင်းပကြသည်။

ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း Filling Queue စနစ်ဖြင့် စတင်ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဧပြီ ၁ ရက်နေ့မှစတင်၍ သံဖြူဇရပ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Filling Queue စနစ်ဖြင့် ရောင်းချပေးနေမှုအား သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့နယ်၌ (၅)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင်  (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဉ်ပထမပတ်အတွင်း သတ်မှတ်ရက်အလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဝါသီးနှံ ၁၃၄၆၄  ဧက စိုက်ပျိုးခဲ့ပြီး ၆၂၇၉၃၁၉  ပိဿာ ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းကာလများတွင် ဝါသီးနှံ ၁၃၄၆၄ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၆၂၇၉၃၁၉ ပိဿာထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဗဟိုကျောင်းတိုက်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skill သင်တန်း (ဒုတိယအကြိမ်)အား ဆက်လက် ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre ) တွင် Soft Skill သင်တန်း(ဒုတိယအကြိမ်)ကို ဧပြီလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သင်တန်းတတိယနေ့အား ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆက်လက်ဖွင့်လှစ်သင်ကြား

ပျော်ဘွယ်မြို့နယ်တွင် လူငယ်လူရွယ်များ ဘာသာတရားကို ပိုမိုကိုင်းရှိုင်းတတ်လာစေရန်၊ ယဉ်ကျေးမှုဆိုင်ရာ သုံးဆယ့်ရှစ်ဖြာမင်္ဂလာအား သိရှိစေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ခင်ကြီးယကျေးရွာ၊ ဘုရားငါးဆူကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဧပြီလ ၃ ရက် နံနက် ၈ နာရီမှစတင်၍ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရွေးကောက်ပွဲ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရာတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
Subscribe to