တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲများ ပြသ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပုံပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့၊ စိုက်ပျိုးတောင်သူများ၊ စက်သုံးဆီလုပ်ငန်းရှင်များတို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဖွင့်လှစ်ပြီဖြစ်သောကြောင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာ

မြဝတီ-ကော့ကရိတ်-ဘားအံသွား အာရှလမ်းမကြီးအား ဧပြီ ၂ ရက်မှစတင်၍ ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် အာရှလမ်းမကြီးကို ပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း   ၂၁၅၀၀၀  ပင် စိုက်ပျိုးမည်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုးစုံပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင်ကို စိုက်ပျိုးသွားရန် ပြည်နယ်သစ်တောဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ်များအလိုက် ပျိုးခြံများဖြင့် ပျိုးပင်များပျိုး ထောင်ထားရှိရာ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဘားအံမြို့နယ်တောင်က လေးတိုးချဲ့ မြို့ပြအိမ်ရာစီမံကိန်းဧရိယာအတွင်းရှိ တောင်ကလေးအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်း၌ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန တွင် Essay & Letter ရေးနည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာရေးသားရာတွင် ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၈ နာရီက Essay & Letter ရေးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြှင့်တက်လာသည့် အပူဒဏ်ကာကွယ်နိုင်ရန် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်ပိုင်းအတွင်း မြှင့်တက်လာသည့် အပူရှိန်ကြောင့်  အပူဒဏ်ကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းများ အမြန်ဖွင့်လှစ်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to