လဟယ်မြို့တွင် စာဖတ်ရှိန်ရေးမြှင့်တင်ရေးလှုပ်ရှားမှုဖြင့် ကဗျာ၊ ပုံပြောနှင့်ပန်းချီပြိုင်ပွဲကျင်းပ

လဟယ် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူငယ်လူရွယ်များ စာပေဗဟုသုတိုးပွားပြီး သုတ/ရသစာအုပ်စာပေများ ဖတ်မှတ်လေ့လာသော အကျင့်ကောင်းများ ရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝစေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှုကို ရည်ရွယ်ကာ ကဗျာ၊ ပုံပြောနှင့်ပန်းချီပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးပါမင်းလှိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုဆက်လက် ယှဉ်ပြိုင် ကြပါသည်။ လူငယ်များသုတ/ရသစာအုပ်စာစောင်များ ဖတ်မှတ်လေ့လာတက်သော အကျင့်ကောင်းများရှိလာစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကဗျာရွတ်(၆)ဦး၊ ပုံပြော(၆)ဦးနှင့် စိတ်ကြိုက်ပန်းချီ(၂၂)ဦး စုစုပေါင်း(၃၄)ဦးတို့ ယှဉ်ပြိုင်ကြရာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)