ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ဒေါပုံ စက်တင်ဘာ ၁၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ဒေါပုံမြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် နာရီအချိန်က အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ဆရာ၊ ဆရာမများ၊ အသင်းအဖွဲ့များမှ Volunteer များ တက်ရောက်သင်ယူမည်ဖြစ်ရာ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၈၄) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။ ဒေါပုံမြို့နယ်တွင် ရပ်ကွက် ၁၄ ရပ်ကွက်ရှိပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ရက်နေ့မှစတင်ကာ ၁၅ ရက်နေ့အထိ အိမ်တိုင်ရာရောက် ကောက်ယူသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)