မော်လမြိုင်မြို့၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မော်လမြိုင် စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ငွေစာရင်းထိန်းသိမ်းနည်းပညာကို နားလည်တတ်ကျွမ်းလာကာ အသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အသုံးပြုတတ်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းပြောကြားခဲ့ပြီး ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် ဘဏ္ဍာရေးစည်းမျဉ်းများ၊ ငွေစာရင်းလချုပ်တွင် ပါဝင်ရမည့်အချက်များနှင့် ဦးစီးဌာနများ၏အခြေခံစာရင်းပြု ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ညွှန်ကြားချက်များအား ဒုတိယဦးစီးမှူး ဒေါ်‌အေးအေးမွန်နှင့်တာဝန်ရှိသူများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမှာဖြစ်ပြီး မော်လမြိုင်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများမှ ဝန်ထမ်း(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်