ရန်ကင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦး​​ရေနှင့်အိမ်အကြောင်းအရာသန်ခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်

ရန်ကင်း စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ် အမှတ် ၁၄ ရပ်ကွက် မိုးကောင်းဘုရားဝင်းရှိ သာသနာ့ဗိန်မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီအဖွဲ့ဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မယ့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အောက်တိုဘာ ရက်နေ့မှစတင်၍ကောက်ယူသွားမှာဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊  သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့် လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတို့ကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏကြီးမားသလို ငွေကြေးကုန်ကြမှုလည်းများပါကြောင်း၊ ယခု  ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ဘဏ္ဍာငွေအရင်း အမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာဖြစ်ပြီး CAPI လို့ခေါ်သည့်နည်းပညာနဲ့ Tablet အသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ကြောင်း ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အတွက်လည်း အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း၊ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးမှ သင်တန်းသားများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူရေး​ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်နိုင်ခြင်းအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင် () ဦး​မြင့်ဇော်တို့က အလှူငွေများလှူဒါန်းပေးအပ်ရာ မြို့နယ်လဝကမှူး ဦးဇော်ဝင်းအောင်ကလက်ခံရယူခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ်အတွင်းရှိ မြို့နယ်များမှ မြိုနယ်သန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ လူမူရေးအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်သန်းသား၊ သင်တန်းသူ (၇၄) ဦး၊ တက်ရောက်ကြပြီး သင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)