ဝမ်းတွင်းမြို့နယ်၌ ရေဝင်ရောက်ခဲ့သော အခြေခံကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ (၁၁) ရက်မှ (၁၄) ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဝင်ရောက်ခဲ့သော အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်လျက်ရှိသည်။

မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဂွေးကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီနှင့်ကြက်သွန်နီများအား ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ ဆန်၊ စားသုံးဆီနှင့် ကြက်သွန်နီများကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ ယနေ့နံနက် (၉) နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့နယ်ခွဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် ၁နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများပြသခြင်းကို အခြေခံပညာမူလတန်းကျောင်း တာကော့(ဝမ်ဆာ)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ကြံခင်းမြို့နယ်(Community Centre)ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်တို့၌ ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်နှင့် စဉ်စားတွေးခေါ်မှု စွမ်းရည်မြင့်မားစေရန်ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဉာဏပြိုင်ပွဲကို ယမန်နေ့  နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဓာတ်မြေသြဇာ လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား ဒေသအလိုက်သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ မြို့နယ်ယူရီးယားမြေ​သြဇာဝယ်​ဖြန့်​ဖြူး​ရောင်းချ​ရေး ဦးဆောင်ကော်မတီက ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

မင်းကင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အကြောင်းအရာ သန်း‌ခေါင်စာရင်း မြို့နယ်အဆင့် စာရင်း‌ကောက်သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစကားဝါခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း  မြို့နယ်အဆင့် စာရင်းစစ်စာရင်း‌‌ကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံ‌နက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၌ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားအား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက  အဆိုပါရုံးရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ  ‌(Incubation Center) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ပဲခူးမြို့နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to