မင်းလှမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုသင်တန်း ဖွင့်လှစ်

မင်းလှ  စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်းတွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွးနှင့် အဖွဲ့ဝင်များက သင်တန်းတတ်ရောက်သည့် စာရင်းစစ်၊ စာရင်းကောက်၊ ဆရာမများ၊ စိတ်ပါဝင်စားသူ (volunteers)များကို အားပေးအမှာစကားများ ပြောကြား၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသင်တန်းပို့ချခြင်းကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း တက်ရောက်ခဲ့သည့် နည်းပြ (၉)ဦးက စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၄၂)ဦးအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)