မာန်အောင်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

မာန်အောင် ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၁ နာရီခွဲက အ-ထ-က (မာန်အောင်) အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို အ-ထ-က (မာန်အောင်) မှ ကျောင်းသား၊ကျောင်းသူများက ဘက်စုံပညာရေးကိုရည် ဒို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ပညာရေးစုံညီပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှူး(ငြိမ်း) ဦးတင်သိန်းက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်သည့် အတွေ့အကြုံများကို အကြံပြုပြောကြားသည်။

ယင်းနောက်ဆုပေးပွဲကိုကျင်းပရာ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် လူရည်ချွန်များ၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့် ကျောင်းသားမိဘများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)