ကျိုက်ထိုမြို့နယ်တွင် သခွါးသီးစိုက် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ကျိုက်ထို ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီမ‌‌ရွေးစိုက်ပျိုးနိုင်သည့် သခွားသီးစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်‌ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါသခွါးသီးအား မိမိခြံဝင်းရှိ မြေကွက်လပ်တွင် စိုက်ပျိုးနိုင်ပြီး လယ်မြေများတွင်လည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။ အချို့တောင်သူများသည် ရာသီပေါ်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြ‌သော်လည်း ကုန်ကျစရိတ်များသည့်အတွက် သခွါးသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြသည်။

သခွါးသီးစိုက်ပျိုးရာတွင် မြေကြီးကို တူးဆွပေးပြီး (၁၀) ရက်ကြာ အခြောက်လှန်းကာ ကျင်းပေါက်ခြင်း၊ အဲ့ဒီ‌နောက် အသီးဝဲဖြစ်သည့် ဒီဆူပါ‌မြေဩဇာကိုထည့်ပြီး နွားချီး၊ မြေကျက်ထည့်၍ အပေါ်တစ်ရစ်ဖုံးကာ သခွါးမျိုးစေ့ထည့်ခြင်း၊ သခွါးမျိုး တစ်ထုတ်လျှင် (၁၅၀၀)ကျပ်နှင့် တိုင်ထူရန်အတွက် ဝါးတစ်လုံးလျှင် (၂၀၀၀)ကျပ်ကျသင့်ခြင်း၊ ဝယ်ယူထားသည့် ဝါးများအား လိုအပ်သလိုစိပ်၍ စိုက်ပျိုးထားသည့် ကျင်းများတွင် တိုင်ထူကာတစ်ကျင်းလျှင် (၃) တိုင်စိုက်ရပါတယ်။ စိုက်ပျိုးပြီး (၁) လပြည့်လျှင် ခူးဆွတ်၍ ရောင်းရကြောင်း မိမိအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့်အတွက် တစ်နေ့လျှင် အချိန် (၂၅) ပိဿာထိခူးဆွတ် ရောင်းရ‌ကြောင်း ရောင်းချရာတွင် ဖေါက်သည်ဈေးနှုန်း တစ်ပိဿာကို (၁၅၀၀)ကျပ်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေသည့်အတွက် သခွါးသီးအား မိမိအိမ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသင့်‌ကြောင်း ဖက္ကလိပ်ရွာမပိုင်းနေ တောင်သူ ဒေါ်အေးစန်း၏ ပြောကြားချက်အရ သိရသည်။

ဝင်းမောင်(ကျိုက်ထို)