မြို့သစ် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ မြို့သာယာလှပစေရန်အတွက် မြို့တွင်းလမ်းများ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်း၊ အခြားပြင်/ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည်။
မြို့သစ်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၂၉ . ၂၇)ကျပ်သန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ "လမ်းလုပ်ငန်း(၅)ခု၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်း(၃)ခု၊ အုတ်ရေမြောင်းပြုလုပ်ခြင်း(၂)ခုနှင့် အခြားလုပ်ငန်း(၇)ခု၊ စုစုပေါင်းလုပ်ငန်း(၁၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အပြီးသတ်လုပ်ငန်းဖြစ်သည့် "ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းကွန်ကရစ်လမ်း အရှည်ပေ(၁၁၀၀)ပေ၊ လမ်းအကျယ်(၁၂)ပေနှင့် ထု(၈)လက်မ" လမ်းခင်းခြင်းကို ၂၀၂၄ -ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာပြီးစီးနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ယင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မြို့သာယာလှပကာ ရေစီးရေလာကောင်းမွန်ပြီး ဒေသနေပြည်သူများ ကျန်းမာရေး၊ လူနေမှုဘဝနှင့်သွားလာရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)