ရွှေတောင် ဇန်နဝါရီ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ လူထုစိန်ဝင်း၏ "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ၊ ဆရာမကြီး ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင်(ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော စာပေချစ်သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး စာရေးဆရာ လူထုစိန်ဝင်း၏ "မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး" စာအုပ်ဖြင့်ဆွေးနွေးကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးအုန်းမောင် (မောင်အေးငြိမ်း-သရက်)က "အနေလှသလို အသေလှဖို့ အရေးကြီးတယ်" ခေါင်းစဉ်ပါအ ကြောင်းအရာများကိုလည်းကောင်း၊ ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင် ရွှေတောင်က "ရိုးသားမှုက အရေးကြီးဆုံး" ခေါင်းစဉ်ပါ ပညာတွေဘယ်လောက်ပဲထူးချွန်ထူးချွန် ရိုးသားဖြူစင်မှုနဲ့ အများအပေါ် စေတနာမရှိရင် ဘယ်တော့မှ လူ့အဖိုးတန်ဖြစ်မလာနိုင်တာဘူးစသည်ဖြင့်လည်းကောင်း၊ ဆရာကြီး ဦးဇော်မင်းက "ယဉ်ကျေးမှုမဆိတ်သုဉ်းစေဖို့နှင့် ပရဟိတစိတ်ဓာတ်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ပါခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မျိုးဆက်သစ်လူငယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ၊ ဆရာမကြီး ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင် (ရွှေတောင်)က Book Club (၅)နှစ်ပြည့် အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)