သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ်လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ် လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သွားရောက် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံ (ကုန်ထုတ်လုပ်ငန်း) ချေးငွေရယူဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းရှင် ဦးလှိုင်ထွန်း (ဝါဝင်းဆီစက်) သရက်ကုန်းကျေးရွာအုပ်စု၊ ပေါက်လွှတ်ကျေးရွာတွင် နေထိုင်လုပ်ကိုင်သူ၏ လုပ်ငန်းတိုးချဲ့တိုးတက် ဆောင်ရွက်နေမှု အခြေ အနေ၊ လွန်သွားတပ်ဆင်ပြီးစီးမှုအား သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယ(၆)လ အတိုး၊ အရင်းပေးဆပ်ရန် မှာကြား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်