သယာဝတီမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား မြို့နယ်သန်ခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

သာယာဝတီ အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူမှုအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမှုများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

သာယာဝတီမြို့နယ်အနေဖြင့် ရပ်ကွက် (၂၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈) အုပ်စု၊ ကျေးရွာ (၂၆၂) ရွာတွင် စာရင်းကောက်ကွက် (၄၀၁) ကွက်အား စာရင်းစစ်/စာရင်းကောက် (၁၅၆)ဦးဖြင့် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)