ရေတာရှည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ ကျင်းပ

ရေတာရှည် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အ-ထ-က အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

 အခမ်းအနားတွင်ရေတာရှည်မြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာတစ်ဦးက စာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခက်အခဲများနှင့်ပတ်သက်ပြီး ဆက်သွယ်ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်း များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

အဆိုပါသင်တန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေတာရှည်မြို့နယ်ဦးစီးမှူး ဦးမင်းညီညီထွန်းကကြီးကြပ်၍ သင်တန်းနည်းပြဆရာ(၁၀) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၆၂) ဦးကို စက်တင်ဘာ (၂၂ )ရက်နေ့မှ အောက်တိုဘာ(၁)ရက်နေ့အထိ စာတွေ့လက်တွေ့ပို့ချသင်ကြားပေးခဲ့သည်။

ရေတာရှည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူသွား မှာဖြစ်ပြီး ရပ်ကွက် (၁၇) ခုနှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုတို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၆၂)ဦးတို့က စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)