မိုင်းယုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းများ စတုတ္ထနေ့ ဆက်လက်ကောက်ယူလျက်ရှိ

မိုင်းယု အောက်တိုဘာ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှစတင်၍ ယနေ့စတုတ္ထရက်မြောက်နေ့ထိ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိသည်။

အဆိုပါ ကွင်းဆင်းကောက်ယူနေမှုကို မိုင်းယုမြို့သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ဦးဆောင်သည့် စာရင်းစစ်နှင့် စာရင်းကောက်ယူရေးအဖွဲ့ဝင်များက မြို့မရပ်ကွက်အုပ်စု၊ တာကြန့်ကျေးရွာအုပ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိ ကောက်ကွက်(၁၁)ကွက်တို့၌ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ်(Computer Assisted Personal Interviews-CAPI) ဖြင့် (Mobile Tablet)များကို အသုံးပြုကာ အိမ်ထောင်စုမေးခွန်းပုံစံ(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူနေလျက်ရှိကြောင်း သိရသည်။       

ကိုကိုနိုင်