မြို့သစ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြန်မာစာသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲ ကျင်းပ

မြို့သစ် အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်များ သိရှိစေရန်ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြန်မာစာသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြန်မာစာသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်(Grade-3) ကျောင်းသားကျောင်းသူ(၄၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ ကျောင်းသားကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်နှင့် ဆရာ/ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)