ညောင်ဦး အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ပုဂံမြို့ဟောင်း၊ ရွာဟောင်းကြီးဘုရားအနီး အနော်ရထာနှစ်လမ်းသွား ကားလမ်းမကြီးပေါ်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်က ကုက္ကိုပင်လဲကျလမ်းပိတ်ဆို့နေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပိတ်ဆို့လဲကျနေသည့် ကုက္ကိုပင်အား ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အထောက်အကူပြုယာဉ်တစ်စီး၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ လူမှုကူညီရေးယာဉ်တစ်စီးတို့ဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။ အဆိုပါကုက္ကိုပင်သည် ပင်စည်လုံးပတ် လေးပေပတ်လည်ခန့်၊ အမြင့်ပေခြောက်ဆယ်ခန့်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြေသားခိုင်မာမှုမရှိပဲ အမြစ်အခြေမှလန်ကာလဲကျပြီး ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်းသွားကားလမ်းမပေါ်တွင် လမ်းပိတ်ဆို့လဲကျခဲ့ခြင်းကြောင့် သိလျှင်သိခြင်း သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရကာ ကုက္ကိုပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
ဒီပါလင်း
ညောင်ဦးခရိုင် (ပြန်/ဆက်)