ကျုံပျော်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ကျုံပျော် အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် တည်ငြိမ်အေးချမ်းစွာဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီး၌ မြို့နယ်စာရင်းစစ်စာရင်းကောက်များက ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများက လိုက်ပါဆောင်ရွက်ပေးလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက် ရှိကြသည်။

ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၈၉)အုပ်စုရှိ စာရင်းကောက်ကွက်(၆၁၆)ကွက်တွင် စာရင်းစစ်စာရင်းကောက်(၂၃၅)ဦးတို့က အဖွဲ့ပေါင်း(၄၉)ဖွဲ့ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)