မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီအသစ် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ ကော်မတီအသစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါကော်မတီရုံး ရွှေမန္တလေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးပို့ဆောင်ရေးစီမံကိန်းဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာယာဉ်ရပ်နားစခန်းကွင်းများအလိုက် ကိုယ်စားလှယ်လောင်း ၁၈ ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးပို့ဆောင်ရေးစီမံကိန်းဦးစီးမှူးက ကော်မတီအသစ် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကော်မတီအသစ်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပရာ ကိုယ်စားလှယ်လောင်းအမည်စာရင်းများကြေညာပြီး ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ဆန္ဒမဲပေးရွေးချယ်ခဲ့ကြရာ ကိုယ်စားလှယ်လောင်း ၁၈ ဦးအနက်မှ ကော်မတီဝင် ၇ ဦးကိုလည်းကောင်း၊ အဆိုပါ ကော်မတီဝင် ၇ ဦးအနက်မှ ဥက္ကဋ္ဌ ၁ ဦးကိုလည်းကောင်း၊ ဆက်လက်၍ အဆိုပါ‌ကော်မတီဝင်များမှ အတွင်းရေးမှူး ၁ ဦး၊  ဘဏ္ဍာရေးမှူး ၁ ဦးတို့ကိုလည်းကောင်း၊ ကော်မတီ (၁)၊ ကော်မတီဝင် (၂)၊ ကော်မတီဝင်(၃)၊ ကော်မတီဝင် (၄)တို့အတွက်လည်းကောင်း အစီအစဉ်အတိုင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရွေးချယ်ခဲ့ပြီး သဘာပတိက အတည်ပြုကြေညာခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်အတည်ပြုကြေညာခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ဥက္ကဋ္ဌအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးအောင်ကျော်လင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်ထွန်းနိုင်