ကျိုက်မရော အောက်တိုဘာ ၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးရာသီတွင်မိုးစပါးစိုက်ဧက ၅၆၀၁၂ လျာထားခဲ့ပြီး ၅၆၄၂၄ ဧကစိုက်ပျိုးပြီးစီးခဲရာ ယခင်နှစ်ကထက် (၄၁၂) ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျိုက်မရောမြို့နယ်၌ မိုးစပါးဧကများ လျာထားချက်ထက်ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ကျေးရွာများအလိုက် တောင်သူပညာပေးဆွေးနွေးပွဲများ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြေသြဇာသုံးစွဲမှု စနစ်တကျဖြစ်စေရန် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် ရေကြီးနစ်မြှပ်မှုဒဏ်မခံရစေရန်အတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စပါးမျိုးကောင်း မျိုးသန့်များအားအချိန်မီဖြန့်ဝေပေးခြင်း စသည့်ထောက်ပံမှုများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ အဓိကစိုက်ပျိုးသည့်စပါးမျိုးများမှာ မနောသုခ၊ ဧည့်မထ၊ ရွှေတစ်ဆုပ်၊ မှော်ဘီကောင်း၊ ပေါ်ဆန်းမွှေး စသည့်စပါးမျိုးများဖြစ်ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိ စေရန်အတွက် လိုအပ်သည့်ပံပိုးမှုများကို တောင်သူများနှင့်ပူးပေါင်း၍ မြို့နယ်လယ်ယာ မြေစီမဲခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ယခင်နှစ်ကထက်လျာထားချက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)