မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၂၃

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး၊ ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ YMBA ခန်းမအနီးရှိ အိမ်အမှတ်(၁)ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး၊ ရုံးခန်းကိုတာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဆိုင်းဘုတ်တင်မင်္ဂလာဖွင့်လှစ်ပေးပြီး အဖွဲ့လိုက် မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီးနောက် POLRESA ဆိုင်းဘုတ်အား နံ့သာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်း(၁) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)ရှိ မြို့တော်ခန်းမ၌ အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးအောင်တိုးတို့မှ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု

အသင်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည် ။

ယင်းနောက် အလုပ်အမှုဆောင်များရွေးချယ်ဖတ်ကြားအတည်ပြုခြင်း၊ အလုပ်အမှုဆောင်များစုပေါင်း၍ ကတိကဝတ်ပြုခြင်း၊ ရွေးချယ်ခံအလုပ်အမှုဆောင်များက ရာထူးတာဝန်အလိုက် အစဉ်တကျ

တစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားခြင်း၊ အသင်းအတွက်ရန်ပုံငွေများ ပေးအပ်လှူဒါန်းခြင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည် ။

ခရိုင်၊ပြန်/ဆက်