ဒေးဒရဲ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက Grade - 5 မှ (၅၈)ဦး၊ Grade - 6 မှ (၁၀)ဦး၊ Grade - 7 မှ (၁၅)ဦး၊ Grade - 8 မှ (၇)ဦးနှင့် Grade - 9 မှ (၁၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၀၄)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ရေးဖြေ၊ ကျပန်းနှင့် နှုတ်ဖြေဘာသာရပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ရေးဖြေနှင့် ဓမ္မဓိဌာန်ဘာသာရပ်များကို ဖြေဆိုသွားရမည်ဖြစ်ပြီး ယင်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည်မီသူများကို တိုင်းဒေသကြီးအဆင့်သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေဇာလင်း