ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့က‌ ရွှေတံဆိပ်နှစ်ခုနှင့် ‌ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန် အောက်တိုဘာ ၂၇

ICF က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ် ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ Championship နဂါးလှေလှော်ပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က မြန်မာ‌လှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့‌သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား ရှစ်တက်‌လှော် မီတာ ၂၀၀ တွင် မြန်မာ‌အသင်းက ပထမ(ရွှေ)၊ တရုတ်အသင်းက ဒုတိယ(ငွေ)နှင့် ရုရှားအသင်းက တတိယ (ကြေး)တံဆိပ်ဆုတို့ကိုလည်ကောင်း၊ အမျိုးသား+အမျိုးသမီး မီတာ ရှစ်တက်‌လှော် မီတာ ၅၀၀ တွင် မြန်မာအသင်းက‌ ပထမ(ရွှေ)၊ တရုတ်အသင်းက ဒုတိယ(ငွေ)နှင့် ရုရှားအသင်းက တတိယ(ကြေး) တံဆိပ်ဆုတို့ကို လည်းကောင်း၊ အမျိုးသား+အမျိုးသမီး မီတာ ၂၀၀၀ တွင် တရုတ်အသင်းက ပထမ‌(ရွှေ)၊ မြန်မာအသင်းက ဒုတိယ(ငွေ)နှင့် ရုရှားအသင်းက တတိယ(ကြေး) တံဆိပ်ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့သည် ရွှေသုံးခု၊ ငွေတစ်ခု ဆွတ်ခူးရရှိထားပြီး‌ အောက်တိုဘာ ၂၇ ရက်တွင် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)