ဟိုပုံး နိုဝင်ဘာ ၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများရှိ ဝန်ထမ်းများအား တစ်ဦးချင်း အရည်အသွေးများတိုးတက်စေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရုံးစာရေးသားနည်းသင်တန်း(၃/၂၀၂၄)အား ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းနှင့် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဟိုပန်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်တို့က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင်ထုတ်ဝေသည့် ရုံးလက်ငန်းလက်စွဲစာအုပ်ပါ အခန်းအလိုက် သင်ခန်းစာ အကြောင်းအရာများအား သင်ကြားပို့ချခဲ့ရာ ဟိုပုံးမြို့နယ်၊ ပင်းလောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်တရားမြို့နှင့် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့်ရုံးအသီးသီးတိုမှ စုစုပေါင်း သင်တန်းသားသင်တန်းသူ အရာထမ်း၊ အမှုထမ်း ဝန်ထမ်း ၁၇ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူလျက်ရှိသည်။
အဆိုပါ ရုံးစာရေးသားနည်းသင်တန်း (၃/၂၀၂၄)အား နိုဝင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ သုံးရက်တာ စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)