ပြင်ဦးလွင် နို၀င်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးနှောင်းဝါ၊ ဆောင်းနေကြာသီးနှံများနှင့် နို့စားနွားမွေးမြူရေး သမဝါယမအသင်းများသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး)နှင့် တာ၀န်ရှိသူများမှ နိုဝင်ဘာ (၁)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာအတွင်းရှိ ရွှေ၀တီ(ဝါ) မျိုးစေ့ထုတ်သမဝါယမအသင်းလီမိတက်၏ ဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ နောင်လှိုင်ကျေးရွာရှိ နောင်လှိုင်(စိုက်/ထုတ်)သမဝါယမအသင်းလီမိတက်၏ ဆောင်းနေကြာစိုက်ပျိုးသည့် အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ သင်္ဂတုံကျေးရွာအုပ်စု၊ ရေမောင်းကုန်းကျေးရွာ ပြင်ဦးလွင်နို့စားနွားမွေးမြူရေး အသင်းလီမိတက်၏ အသင်းသားများနှင့်တွေ့ဆုံ၍လည်းကောင်း၊ ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
သွေးသွေး(ခရိုင် /ပြန်ဆက်)