အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာများ၊ နို့စားနွားမွေးမြူသူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

အောင်လံ နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ ဌာနဆိုင်ရာများ၊ နို့စားနွားမွေးမြူ သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးမှ မွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နို့စားနွားမွေးမြူသူများမှ တင်ပြဆွေးနွေးလိုသည်များ ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးမှ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ နို့စားနွားမွေးမြူသူများအား နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)