စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အာလူးအအေးခန်းတည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု ဒေသခံတောင်သူများနှင့် တွေ့ဆုံ

စလင်း ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်း မြောက်ချောင်းဖြူ  ကျေးရွာအုပ်စု  အာလူးထုတ်လုပ်သူများ အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အာလူးအအေးခန်း သိုလှောင်ရုံတည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေအား ယမန်နေ့နံနက်(၁၁)နာရီ ၂၅ အချိန်က မကွေးတိုင်းဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကွင်းဆင်းဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်း အာလူးစိုက်ပျိုးထုတ်လုပ်သူများ   အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် မျိုးအာလူးအအေးခန်းသိုလှောင်ရုံအား ဆင်ဖြူကျွန်း မြောက်ချောင်းဖြူကျေးရွာ ကွင်းအမှတ်(၃၀၈-က)ဧရိယာ(၃.၀၀)ဧက အအေးခန်းသိုလှောင်ရုံအလျား (၁၂၀ပေ×၉၀ပေ×၂၅ပေ)သံကူတိုင်ယက်မ အုတ်စီသွပ်မိုးဖြင့် ဇန်နဝါရီလအတွင်း စတင်တည်ဆောက်ခဲ့ရာ ယနေ့အထိ(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီး မကွေးတိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း (၄၀၀)ဖြင့် အဆိုပါ အာလူးအအေးခန်း၌ သိုလှောင်နိုင်မည့်ပမာဏ အာလူးတန်(၅၀၀) သိုလှောင်နိုင်ပြီး ၂၀၂၃ ခုနှစ် အာလူးစိုက်တောင်သူ (၄၁)ဦးဖြင့် ဖွဲ့စည်းပူးပေါင်းကာ အာလူးအအေးခန်းအား အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အာလူးအအေးခန်း တည်ဆောက်ပြီးစီးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ သီရိပျံချီ  ဦးတင့်လွင် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ကျော်ကျော်လင်း  တိုင်းရင်းသားရေးရာဝန်ကြီး  ဦးထွန်းခင်နှင့် တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဒေသခံ အာလူးနှင့် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူများ အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ အာလူးအအေးခန်းတည်ဆောက်ရသည့် ရည်ရွယ်ချက် ရရှိမည့် အကျိုးကျေးဇူးများကို အာလူးအအေးခန်းသိုလှောင်ရုံ တာဝန်ယူတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က မိမိတို့ဒေသခံတောင်သူများဖြင့်  စတင်ဖွဲ့စည်း၍ အာလူးစိုက်တောင်သူ သမဝါယမအသင်းဖွဲ့စည်းခဲ့ပြီး အသင်းသား(၄၁)ဦးတို့ဖြင့်  အစုထည့် ဝင်ငွေသိန်း(၁၈၀) အစုရှယ်ယာ ထည့်ဝင်ငွေကျပ်သိန်း (၂၇၀၀)တို့ဖြင့် စတင်ကာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူ၍ ဆောက်လုပ်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့သည်  အာလူးအအေးခန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များတွင်  အသုံးပြုနိုင်ရန် (transformer) တပ်ဆင်ပေးရန် ဝန်ကြီးချုပ်အားတင်ပြရာ ဝန်ကြီးချုပ်မှ  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လာမည့်စိုက်ပျိုးရာသီတွင် တောင်သူများအား   ယခုထက်ပို၍ အာလူးနှင့်အခြားသီးနှံများ ပိုမိုစိုက်ပျိုးကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)