မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မင်းတုန်း ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၄)ရပ်ကွက်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးထင်လင်းအောင် ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရခြင်းမှာ ရပ်ကွက်နေပြည်သူများ မီးဘေးလုံခြုံမှုရှိစေရန်အတွက် လူနေအိမ်များတွင် မီးကိုစနစ်တကျသုံးစွဲရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေပုံးများနှင့် အခြားသောမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိစေရေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားပါက အမှတ်(၂)ရပ်ကွက်ရှိ မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်သတင်း‌ပေးရန် မှာကြားခဲ့ကြ‌ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)