ကျောက်ဆည် နိုဝင်ဘာ-၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အမျိုးသားနေ့ဖြစ်ပေါ်လာပုံများ၊ အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်စေရေး အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့်ပတ်သတ်၍ ကျောင်းသား/ကျောင်းသူများ ငယ်ရွယ်စဉ် ကျောင်းနေအချိန်ကပင် အမျိုးသားစိတ်ဓာတ်များ သိရှိလာပြီး နိုးကြားတက်ကြွလာအောင်၊ ဘက်စုံထူးချွန်သူများဖြစ်အောင် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဦးအေးလင်းကပြောပြ၍သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၁၃၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း(၁၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်း ရှိကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်