မန်ကန်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်နှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မန်ကန် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က (အ-လ-က)(ခွဲ)၊ ငှက်ကာကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အိဇာချိုက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ငှက်ကာကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူများက “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ် စာစီစာကုံးပြိုင်ပွဲနှင့် “အမျိုးသားနေ့”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ပြိုင် ပွဲယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား၊ သူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 အိဇာချို(မန်ကန်၊ပြန်/ဆက်)