ငဖဲမြို့နယ်၌ မြို့လုံးကျွတ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင်လှည့်လည်ကျင်းပ

ငဖဲ  နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး၏ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်း၊ ရပ်ကွက်အတွင်းရှိပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မြို့လုံးကျွတ်ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ပွဲကျင်းပပြုလုပ်မည့် မြို့မရပ်ကွက်ရှိ မြို့တော်ဦးဘုန်းတော်ကြီးကျောင်းသို့ စီတန်းလှည့်လည် ကျင်းပပို့ဆောင်ခဲ့သည်။

အဆိုပါဘုံကထိန်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ပဒေသာပင် (၂၃)ခု၊ ပစ္စည်းတန်ဖိုး (၁၆၀၅၂၀၀)၊ ငွေတန်ဖိုး (၅၄၅၈၀၀၀) စုစုပေါင်းတန်ဖိုး (၇၀၆၃၂၀၀)ကျပ် စိုက်ထူလှူဒါန်းပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြို့တော်ဦးဘုန်းတော်ကြီးကျောင်း၌ ကထိန်တရားတော်မြတ်ကိုနာယူပြီး ကထိန်ညှပ်သင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများကို စာရေးတံမဲပြုလုပ်၍ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုအစုစုကို ရေစက်ချအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)