ရွှေပြည်သာမြို့နယ်၌ (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေပြည်သာ   နိုဝင်ဘာ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက မြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။

 အခမ်းအနားတွင် နမောတသာသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ(ရွှေကျင်)ဆရာတော်ထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားနာယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက (၃၅)ကြိမ်မြောက် ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာစုပေါင်း မဟာဘုံကထိန်ဆပ်ကပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကြောင်းသိရသည်။

ဆက်လက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ(ရွှေကျင်)ဆရာတော်ထံမှ ကထိန်လျာသင်္ကန်းဆက်ကပ်ခြင်း ရေစက်ချအနု‌မောဒနာတရားနာကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲတွင် ပဒေသာပင်စုပေါင်း (၁၂၁)ပင်၊ ပစ္စည်းတန်ဖိုး (၅၈၈၃၂၇၀၀/) ငွေသားတန်ဖိုး (၁၁၃၄၇၃၆၀၀) စုစုပေါင်းတန်ဖိုး (၁၂၇၃၀၆၃၀၀/) လှူဒါန်းခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)