မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုမပြုလုပ်စေရေး ကွင်းဆင်းအသိပညာပေးဟောပြောကြီးကြပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက မယ်နင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ မပြုလုပ်စေရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်းအား အသိပညာပေးဟောပြောပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်တွင် တောင်ယာမီးရှို့မှုနှင့် တောမီးရှို့မှုများမပြုလုပ်စေရေး၊ ဒေသတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများမပြုလုပ်စေရေး ကြီးကြပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းအသိပညာပေး ဟောပြောကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)