ပင်လောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပင်လောင်း ဧပြီ ၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်ရေး၊ ရေကစားနိုင်ရေးအတွက် ရေသွယ်တန်းရရှိရေး၊ လုံခြုံရေးနှင့် ဖျော်ဖြေရေးအစီအစဉ် ယိမ်းအကအဖွဲ့များ ပါဝင်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ ပူပေါင်းဆောင်ရွက်ပေးကြရန်  ဆွေးနွေးပြောကြားသည်။

မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး၊ ရေကစားမဏ္ဍပ်သို့ လာရောက်ပါဝင်ဆင်နွှဲကြမည့်သူများအား သင်္ကြန်ကာလအတွင်း စတုဒိသာအလှူအကျွေးအမွေးများဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

အဆိုပါ မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှောင်းတန်ခူးလဆုတ် ၁၂ ရက်နေ့မှ ကဆုန်လဆန်း ၁ ရက်နေ့ထိ၊ ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)