ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Club အသင်းများနှင့် စာဖတ်ဝိုင်းကျင်းပ

ခရမ်း ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာဦးဘုန်း (ဓာတု) ရေးသားသည့် ''သင်္ကေတ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊ Book Club အဖွဲ့ဝင်မနှင်း​ရွှေမှုံကစာရေးဆရာ ဦးဘုန်း (ဓာတု) ရေးသားသည့် "သင်္ကေတ" စာအုပ်တွင် လူသားအားလုံးသည် သူတစ်ပါး​အ​ပေါ်တွင် ကိုယ်ချင်းစာတရားထားရှိသင့်ပါကြောင်း၊ သည်းခံစိတ်ရှည်စွာ​ ပြောဆိုရာဆက်ဆံမှသာလျှင် လူတိုင်း၏ ချစ်ခင်နှစ်သက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်းတို့ကို ရေးထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင် မချစ်ခွန်းချိုက စိတ်ထားလှပမှုသည် လူတစ်ဦး၏ အဖိုးတန်လှသည့် အရာတစ်ခု​​ပင်ဖြစ်ပါကြောင်းနှင့်​ သူတစ်ပါးအပေါ်တွင် မနာလိုစိတ်မရှိဘဲ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုသင့်ကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်နှင်းဝေ (ပြန်/ဆက်)