(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ စိတ်ကြိုက်ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရွှေပြည်သာ နိုဝင်ဘာ ၂၀

ကျောင်သား/သူများအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်‌စေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်းကျင်းပသော (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ စိတ်ကြိုက်ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားပြီး အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးဝါက အမျိုးသားအောင်ပွဲနေ့အကြောင်းအသိပညာပေးဟောပြောပြီး အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ(၃၀)ဦးတို့ကပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆုရကျောင်းသား/သူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ‌ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာပေး စာအုပ်/စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)