သံတောင်ကြီး နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျောင်းသူ၊ ကျောင်းသားများ ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက်(၁၀)နာရီအချိန်က(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့်ဂျပ်ဆန် (ယုဒသန်) ကောလိပ် ကျောင်းသားများသည်ကန့်ကွက်သပိတ်မှောက်ဆန္ဒပြခဲ့သည့် အကြောင်းအရာများ၊ အမျိုးသားနေ့တို့မမေ့၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ ကျောင်းသားကြီး(၁၁)ဦး အကြောင်းအရာများ၊ မင်္ဂလာခွန်းဆက်ကဗျာ စသည့်အကြောင်းအရာများ အားပြသပေးခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံပြည်သူများကစိတ်ပါဝင်စားစွာလာ ရောက်ကြည့်ရှုကြကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ