ပင်းတယ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျေးရွာနေပြည်သူများအားလပ်သည့်အချိန် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရေး၊ စာဖတ်ရှိန်မြှင့်မားလာစေရေးနှင့် စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတများပိုမိုတိုးပွားလာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့်စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် အသစ်ဆောက်လုပ်လျက်ရှိသည့် မြင်းမူးကျေးရွာရှိ "သုတစုံလင်ဂန္ဓဝင်" စာကြည့်တိုက်အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းအောင်မှဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြင်းမူးကျေးရွာရှိ သုတစုံလင်ဂန္ဓဝင်စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ကော်တီဝင်များနှင့်တွေ့ဆုံ၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်တွင်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)