၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ၁၀၄ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို  ထက်၊ လယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၃)  အခြေခံပညာအထက်တန်းကျောင်းရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲ များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းဖတ်ကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အထက်တန်းအဆင့် စာစီစာကုံးကို “အမျိုးဂုဏ် ဇာတိဂုဏ်မမေ့ဖို့အမျိုးသားနေ့ကိုကျင်းပစို့” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ အလယ်တန်းအဆင့်၌ “အမျိုးသားနေ့နှင့် မျိုးချစ်စိတ်ဓာတ်”ခေါင်းစဥ်ဖြင့် (၂၀)ဦး၊ ကဗျာပြိုင်ပွဲ ကို” အမျိုးသားနေ့၏အားမာန်” ခေါင်းစဥ်ဖြင့်အထက်တန်းအဆင့်တွင် (၁၁)ဦး၊ အလယ်တန်းအဆင့်တွင် “စည်းလုံးချစ်ကြည် အမျိုးသားညီ” ခေါင်းစဉ်ဖြင့်(၁၃)ဦးနှင့် ပန်းချီပြိုင်ပွဲကို “အမျိုးသားနေ့မှ ငြိမ်းချမ်းသော ပြည်ထောင်စုကြီးစီသို့” ခေါင်းစဥ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉)ဦး၊ အလယ်တန်းအဆင့်တွင် "အမျိုးသားနေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် (၁၄)ဦး စုစုပေါင်း ပြိုင်ပွဲဝင် (၈၁)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရပြီး ပြိုင်ပွဲတွင် ဆုရရှိသူ များကို ၂၀၂၄ ခုနှစ်၊ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့