မိုင်းယုမြို့တွင် ဆုံဆို့၊ ကြက်ညှာမေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေး (HPV) များ ထိုးနှံပေး

မိုင်းယု နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဆုံဆို့၊ ကြက်ညှာမေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေးများ(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ကြောင်းကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှု တာကြန့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးသားဖွားဆရာနှင့် အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ ပူးပေါင်းအဖွဲ့မှ အသက် (၅) နှစ်မှ (၇) နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ ကြက်ညှာမေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၃)နှစ်ကြား ကျောင်းသူများကို သားအိမ်ခေါင်းကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းတို့ကိုလည်းကောင်း ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းကာ အသီးသီးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်