အထက(၁) ကန့်ဘလူ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၌ အမျိုး သားအောင်ပွဲနေ့နှင့် လူငယ်တာဝန်ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၁၆ ဦး၊ အထက်တန်းနှင့် အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတွင် အမျိုးသားအောင်ပွဲတို့ဆင်နွှဲ ခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၁၃ ဦး စုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများချီးမြှင်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)