ရေကြည် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် အသက် (၅) နှစ်ပြည့်ပြီး (၇)နှစ်မကျော် သော KG ကျောင်းသား၊ ကျောင်းသူ (၃၄၇၉) ဦးအား ဆုံဆို့-မေးခိုင်ရောဂါ (DT) ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကျောင်းသူ (၁၅၂၃) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း ဘုရားကြီးကုန်းကျောင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြည်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းဆရာ/ ဆရာမများက ဆေးထိုးစုရပ် ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ရောဂါ (DT) ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးနှင့် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးလင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်းများနှင့်ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ပူပေါင်း၍ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)