စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် ဆောင်းသီးနှံ နေကြာ ၃၂၇၀၀၀ ဧက စိုက်ပျိုးသွားမည်

မုံရွာ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ယခုနှစ် ဆောင်းနေကြာ  ၃၂၇၀၀၀ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ‌ အောက်တို ဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းနေကြာ ၁၂၀၂၃၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်တွင်းစားသုံးဆီ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီး နေကြာ ‌မျိုးများဖြစ်သည့် စပ်မျိုး-၁၊ ဆင်းရွှေကြာ-၂၊ ဆင်းရွှေကြာ-၃၊ ဆန်ဖိုလာ  နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ ဆောင်းမြေပဲ စိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်းနေကြာ‌များကို တိုင်းဒေသကြီး အတွင်းရှိ ဟုမ္မလင်းခရိုင်တွင် ၅၀၀ ဧက၊ ခန္တီးခရိုင်တွင် ၁၅၀ ဧက၊ နာဂဒေသတွင် ၂၀၀ ဧက၊  မော်လိုက်ခရိုင်တွင် ၈၀၀၀ ဧက၊  တမူးခရိုင်တွင် ၃၃၀၀ ဧက၊  ကလေးခရိုင်တွင် ၇၁၅၇၀ ဧက၊  မုံရွာခရိုင်တွင် ၃၁၃၀၀ ဧက၊ ယင်းမာပင်ခရိုင်တွင် ၈၃၆၅၀ ဧက၊ ရွှေဘိုခရိုင်တွင် ၆၅၀၀ ဧက၊ ရေဦးခရိုင်တွင် ၁၅၂၅၀ ဧက၊ ကန့်ဘလူခရိုင်တွင် ၄၂၈၀ ဧက၊ စစ်ကိုင်းခရိုင်တွင် ၆၁၅၀၀ ဧက၊ ကသာခရိုင်တွင် ၂၇၇၀၀ ဧက၊ ကောလင်းခရိုင်တွင် ၁၃၁၀၀ ဧက၊ စုစုပေါင်း ၃၂၇၀၀၀ ဧကကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်

ခရိုင်(ပြန်/ဆက်)