မောက်မယ် နိုဝင်လာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဦးကြည်လင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မောက်မယ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မစခန်းမှူး ဒုရဲမှူး သန့်ဇင်က ကျောင်းသား/ ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျူးလွန်မှုဖြစ်စဉ်များတွင် ကလေးသူငယ်များနှင့် အရွယ်ရောက်စလူငယ်များအား ပါဝင်နေ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆောင်ရန်ရှောင်ရန်အချက်များဖြစ်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားခြင်းရှိ/ မရှိ၊ မေးသိုင်းကြိုးများတပ်ဆင်ခြင်း ရှိ/ မရှိ၊ လမ်း၏ယာဘက်တွင် ကပ်၍ မောင်းနှင်ကြရန် စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)