ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းအခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အမှတ် (၄)အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။