ညောင်ဦး နိုဝင်ဘာ ၂၄
RUNderful Myanmarက ဦးဆောင်ကျင်းပသည့် Bagan Temple Marathon 2024 အပြေးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ၊ အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်၌ ယနေ့နံနက် ၆ နာရီအချိန်ကစတင်ကာ Bagan Temple Marathon 2024 အပြေးပြိုင်ပွဲ စတင်တာလွှတ်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ Bagan Temple Marathon 2024 အပြေးပြိုင်ပွဲတွင် 42 km၊ 21 kmနှင့် 10 km အကွာအဝေးသုံးမျိုးပါဝင်ယှဉ်ပြိုင်စေကြပြီး 42 km အပြေးပြိုင်ပွဲတွင် ပြည်တွင်းပြည်ပအပြေးသမား (၅၀)ဦး၊ 21 km၊ အပြေးပြိုင်ပွဲတွင် (၁၅၀)ဦး၊ 10 km အပြေးပြိုင်ပွဲတွင် (၁၅၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး 42 km အပြေးပြိုင်ပွဲ ပထမဆု (၄) သိန်းကျပ်၊ ဒုတိယဆု (၃) သိန်းကျပ်၊ တတိယဆု (၂) သိန်းကျပ်၊ 21 km၊ အပြေးပြိုင်တွင် ပထမဆု (၃) သိန်းကျပ်၊ ဒုတိယဆု (၂) သိန်းကျပ်၊ တတိယဆု (၁) သိန်းကျပ်၊ 10 km အပြေးပြိုင်ပွဲတွင် ပထမဆု (၂) သိန်းကျပ်၊ ဒုတိယဆု (၁) သိန်းကျပ်နှင့် တတိယဆု (၅) သောင်းကျပ်တို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် RUNderful Myanmar အဖွဲ့တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
Bagan Temple Marathon 2024 အပြေးပြိုင်ပွဲတွင် ပြည်တွင်းပြည်ပ အပြေးအားကစားသမား (၃၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အပြေးဝါသနာရှင်များလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း