တာချီလိတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရပ်ကွက်အလိုက် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းနေမှုကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်းနှင့် တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တာချီလိတ်မြို့၌ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က) (ခ)၊ မယ်ခေါင်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော ရွှံ့နုန်းများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မည့် နေရာ(လမ်း)များတွင် စုရပ်အဖြစ်သတ်မှတ်ကာ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းရှင်းလင်းဖယ်ရှားနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)