စဉ့်ကိုင်မြို့နယ်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ(Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

စဉ့်ကိုင် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.ထ.က(စွန်ရဲ)နှင့် အ.မ.က(ဒေါင်းကျ) ကျောင်းများ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်‌ဆောင်ရွက်ထားရှိမှု အခြေ‌အ‌နေအား ယမန်နေ့၊ မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်အဆင့် လုပ်ငန်းစိစစ်‌ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ​သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်‌ဆောင်ရေး ခရိုင်အဆင့် လုပ်ငန်းစိစစ်ရေးအဖွဲ့ကော်မတီဝင်များက အတန်းအလိုက် စာသင်ခန်းများအတွင်း ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် ပညာ‌ရေးသင်ကြားပို့ချမှု အောင်မြင်စေရေးအတွက် ရေးဆွဲထားသော Action Plan အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုအ‌ပေါ် ‌စာသင်ချိန်အတွင်း ကျောင်းသားလူငယ်များ လေ့လာတက်မြောက်မှု ရှိ/မရှိအခြေအနေများ၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသော အမှိုက်စီမံခန့်ခွဲခြင်း၊ စွမ်းအင်ချွေတာခြင်း၊ ရေချွေတာခြင်း၊ သစ်ပင်၊ ပန်းပင်များနှင့် စိမ်းလန်းစိုပြည်ခြင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သော မုန့်များရောင်းချခြင်း၊ အမျိုးအစားစုံလင်သော အပင်များဖြင့် စိမ်းလန်းစိုပြည်သော ကျောင်းပတ်ဝန်းကျင်ရှိ/မရှိ၊ သန့်ရှင်း၍ အမှိုက်မရှိသော ကျောင်းဝန်းနှင့် စာသင်ခန်းများ ရှိ/မရှိ၊ ဒေသဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တီထွင် ဆန်းသစ်မှုများ ပြုလုပ်နိုင်ခြင်း ရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)